မြန်မာ့ကမ်းရိုးတန်း၏မဟာတံတိုင်းကြီးများ | EHS Myanmar
Description
International Day for the Conservation of the Mangrove Ecosystem 2024
Guest Speaker အဖြစ်ဖိတ်ကြားထားတဲ့ဆရာကတော့ သစ်တောထိန်းသိမ်းစောင့်ရှောက်ရေး၊ သဘာဝ အရင်းအမြစ်များကို စီမံခန့်ခွဲရေး နှင့် အခြားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများတွင် ၁၀ နှစ်ကျော် အတွေ့အကြုံရှိတဲ့ ဆရာ စောဝင်းမျိုးစံ ပဲဖြစ်ပါတယ်ရှင်။
ဆရာဟာ ဆိုရင်ဖြင့် ထို ၁၀ နှစ်ကျော် ကာလအတွင်း ခါကာဘိုရာဇီ၊ ဟိမဝန္တာတောင်တန်းများ အပါအဝင် မြန်မာနိုင်ငံ အရှေ့တောင်ဘက်စွန်းရှိ ဒီရေတောများ၏ သဘာဝ ဂေဟစနစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း နှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းကို လျော့နည်းစေရန်၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ကမ်းရိုးတန်းဒေသများကို ကာကွယ်နိုင်ရန် ရည်ရွယ်၍ ဒေသခံများ ၊ အရပ်ဖက်လူမှုအဖွဲအစည်းများနှင့်အတူ သစ်တော ရည်ရှည်တည်တံ့ခိုင်မြဲရေးနည်းလမ်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။
ဆရာစောဝင်းမျိုးစံဟာ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှ သဘာဝသယံဇာတစီမံခန့်ခွဲရေး ဘာသာရပ်ဖြင့် ဂုဏ်ထူးတန်းဘွဲကို ရရှိထားပြီး လက်ရှိမှာတော့ UNDP Myanmar မှာ လုပ်ကိုင်လျက်ရှိပါတယ်။
This webinar was hosted on 27th July 2024.
Learn more at: Facebook, Instagram, YouTube and EHS website.